တကမ္ဘာလုံးကို အလုပ်အကျွေးပြုနေသော အလုပ်သမားများ၏ အခွင့်အရေး နှင့် စားဝတ်နေရေးကို အကာအကွယ်ပေးခြင်း
ကမ္ဘာ့စားနပ်ရိက္ခာနေ့ ၂၀၂၀
၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့ကုလသမဂ္ဂမှ အနှစ် ၅၀ အတွင်း တကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာ အကျပ်အတည်း အဆိုးရွားဆုံးအခြေအနေ ရင်ဆိုင်နေကြရကြောင်း သတိပေးခဲ့သည်။
အနှစ် ၅၀ အတွင်း တကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာ အကျပ်အတည်း အဆိုးရွားဆုံးအခြေအနေ
COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှု၊ ပို့ဆောင်ဖြန့်ဖြူးမှုများ ဟန့်တားမှုနှင့် နယ်စပ်ဂိတ်များ ပိတ်ထားရာမှ ပစ္စည်းပြတ်လပ်ရာမှ ကုန်စေျးနှုန်း မြင့်တက်မှု တို့ကြောင့် နိုင်ငံတိုင်း တွင် စားနပ်ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေခဲ့ပါသည်။ မြို့ကြီးများတွင် စားနပ်ရိက္ခာကုန်စေျးနှုန်း မြင့်တက်စဉ် ကျေးလက်နေ ပြည်သူများကို ပိုမိုဆင်းရဲမွဲတေစေပြီး အကြွေးထူစေရန် ကပ်ရောဂါက တွန်းပို့နေသလိုဖြစ်ပါသည်။
ပို့ဆောင်ဖြန့်ဖြူးမှုများ ဟန့်တားခြင်းက ကောက်ပဲသီးနှံ စိုက်ပျိုးရောင်းချမှု နှစ်ခုစလုံးကို ထိခိုက်စေ ပါသည်။ မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုကို ဖြစ်ပေါ်စေပြီး စိုက်ခင်းတွင် ထုတ်ကုန်ပိုလျံစေခဲ့သည်။ ပိုလျံသော စိုက်ပျိုးရေးထုတ်ကုန်များ ပမာဏမြောက်မြားစွာကို စွန့်ပစ် ဖျက်ဆီးနေရသည့်တိုင် တဖက်မှာ လူသန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်နေခဲ့ကြရသည်။ ဒေသအတွင်း သန်းပေါင်းများ စွာသော လမ်းဘေး စေျးသည်များနှင့် တပိုင်တနိုင် စားသောက်ဆိုင်လုပ်ငန်းလုပ်ကြသူများ စားဝတ် နေရေး အကျပ်အတည်းများ ရှိခဲ့ကြရသည်။ ရာသီအလိုက် လုပ်သားများ၊ ရွှေ့ပြောင်းအလုပ်သမား များမှာ အသွားအလာကန့်သတ်ခံရမှုကြောင့် လယ်ယာစိုက်ခင်းများတွင် အလုပ်သမားပြတ်လပ်မှု ဖြစ်ပေါ်စေခဲ့သည်။ လုပ်ခနှင့်စားဝတ်နေရေး အကျပ်အတည်းကြုံတွေနေရခြင်းကြောင့် အသက်ရှင် သန်ရန် ပိုမိုခက်ခဲလာသော အလုပ်သမားများနှင့် သူတို့ မိသားစုဝင်များအတွက် ပိုမိုဆိုးရွာလာသော ကပ်ရောဂါတွင် ထိခိုက်မှုအန္တရာယ် ပိုများစေပါသည်။
ဒီလို ပိုမိုဆိုးရွာလာသော ကပ်ရောဂါအခြေအနေတွင် စားနပ်ရိက္ခာထုတ်ကုန်၊ အသားထုတ်ကုန်နှင့် အဖျော်ယမကာဆိုင်ရာ ထုတ်ကုန်များမှ အလုပ်သမားများကို မရှိမဖြစ်လိုအပ်သော အလုပ်သမား များအဖြစ် ကြေငြာခဲ့ပါသည်။ အသွားအလာ ပိတ်ဆို့ခံထားရသူပြည်သူများကို အလုပ်အကျွေးပြုရ သောကြောင့် ဖြစ်ပါသည်။ မရှိမဖြစ်အလုပ်သမားများ မဟုတ်ပဲ မရှိမဖြစ်စက်ရုံများက အလုပ်သမား များဟုသာ သတ်မှတ်ထားကြကာ ၎င်းတို့မှာ တန်ဖိုးထားခံရမှု အသိအမှတ်ပြုခံရမှု မရှိကြပါ။ ဒီကာ လအတွင်း အလုပ်ရှင်များမှာလည်း မိမိတို့ကုန်လုပ်ငန်းအမှတ်တံဆိပ် မထိခိုက်စေဖို့ကိုသာ မြန်မြန် ဆန်ဆန် လုပ်ဆောင်ကြပြီး COVID-19 ပျံ့နှံ့မှုလျော့ချကန့်သတ်ရန်နှင့် အလုပ်သမားများကို ကာ ကွယ်ရန်အတွက် လွန်စွာနှောင့်နှေးခဲ့ကြသည်။
အာမခံချက်မဲ့သော အလုပ်အကိုင်များမှာ အလုပ်သမားများကို အကာအကွယ်လျော့ပါးစေရာမှ ၎င်း တို့အတွက် အန္တရာယ်ပိုများစေပါသည်။ ပြင်ပမှ ဌားရမ်းမှုနှင့် နေ့စားခေါ်ယူမှုလည်း တိုးများလာ ခဲ့ပါသည်။ ကျွန်ုပ်တို့ သိခဲ့ကြသလို အသားထုတ်ပိုးဌာနမှ အလုပ်သမားများအတွက် ဘေးကင်းလုံခြုံမှုမှာ အားနည်းမှုရှိပါသည်။ စားသောက်ကုန်လုပ်ငန်းစက်ရုံများမှ ရောဂါကူး စက်မှု မြင့်မားလာပါက နိုင်ငံတော်တော်များများမှ အစိုးရများနှင့်အလုပ်ရှင်များမှာ အခွင့်အရေးတခု အနေ ဖြင့်အသုံးချကာ သမဂ္ဂများနှင့် သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများကို တိုက်ခိုက်လာခဲ့ကြပါသည်။ သမဂ္ဂ အဖွဲ့ဝင်များ ကမ္ဘာကို အလုပ်အကျွေးပြုနေချိန် သမဂ္ဂအဖွဲ့အစည်းများမှာ လုပ်ငန်းခွင် ဘေးကင်းလုံ ခြုံမှု ရရှိခွင့်အတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြရသည်။
သမဂ္ဂ အဖွဲ့ဝင်များ ကမ္ဘာကို အလုပ်အကျွေးပြုနေချိန် သမဂ္ဂအဖွဲ့အစည်းများမှာ လုပ်ငန်းခွင် ဘေးကင်းလုံ ခြုံမှု ရရှိခွင့်အတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြရသည်။
အကျပ်အတည်းကြီးထွားလာသည်နှင့်အမျှ စားနပ်ရိက္ခာစနစ်တခုလုံးကို လွှမ်းမိုးသော တကမ္ဘာလုံး ဆိုင်ရာ စိုက်ပျိုး-စားနပ်ရိက္ခာ လုပ်ငန်းများသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ပြန်လည် ထိန်းသိမ်းခြင်းအားဖြင့် အကျိုးအမြတ် ပြန်လည်ရရှိအောင် ကြိုးပမ်းနေကြသည်။ သူတို့ပြန်လည် ရယူလိုသောစနစ်သည် တန်ဖိုးမြင့်ကုန်အမှတ်တံဆိပ်နှင့် ကုန်စည်စေျးနှုန်းများအပေါ် အခြေခံသော စနစ်ဖြစ်ပါသည်။ ဝင်ငွေနည်းပါးမှုနှင့် ဆင်းရဲမွဲတေမှု၊ မြင့်မားသော ကုန်ထုတ်စွမ်းအားနှင့် အဆိပ် ရှိသော ပိုးသတ်ဆေး၊ ရေရှည်မခံသော စက်မှုလယ်ယာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု တို့ကို ပြန်လည်ထိန်းထားမည့် စနစ်ဖြစ်သည်။ ထိုစနစ်ကြောင့် နှစ်စဉ် လူဉီးရေ ၃ သန်းခန့်ကို ပိုးသတ်ဆေး အဆိပ်သင့်စေခဲ့ပြီး လူ ၂၅၀၀၀၀ ကျော်ကို သေစေခဲ့ကာ ကပ်ကာလမတိုင်ခင်ကတည်းက ‘ရေရှည် စားနပ်ရိက္ခာ မလုံလောက်မှု” လို့ခေါ်သည့် အနေအထားဖြင့်ရင်ဆိုင်နေကြရပြီး လူဉီးရေ ၈၂၀ သန်း ခန့် ကို ငတ်မွတ်စေခဲ့သည်။ စိုက်ပျိုးရေးအလုပ်သမားများ၊ တပိုင်တနိုင်လယ်သမားများနှင့် သူတို့၏ လူမှုအသိုင်းအဝန်းများသည် ထိုရေရှည် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ် ခံနေကြရသူများထဲတွင် ပါ ဝင်ပါသည်။ ကမ္ဘာကိုအလုပ်အကျွေးပြုနေသူတွေက သူတို့ကိုယ်တိုင် စားသောက်ဖို့ မလုံလောက်ပါ။
ကမ္ဘာ့စားနပ်ရိက္ခာစနစ်သည် ကပ်ရောဂါကာလ မတိုင်ခင်ကတည်းက အကျပ်အတည်းရှိခဲ့သည်။ ထို စနစ်က- အကြီးဆုံး လက်ဖက်ရည်အမှတ်တံဆိပ်လုပ်ငန်းများမှ လက်ဖက်ရည်ကောင်းတခွက် ရရှိ ဆိုဖို့ ကတိကဝတ်ပြုကာ လက်ဖက်ခင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးဖြစ်သည့် ရေနှင့် သန့်ရှင်းမှုအခွင့်အရေးများကို ငြင်းပယ်နေကြသည်။ ငှက်ပျောသီးတန်ဖိုး၏ ထက်ဝက်စေျးတောင် မ ရှိပဲ စူပါမားကတ်များမှ ဝယ်ယူရောင်းချခွင့်ရနေချိန် ငှက်ပျောခင်းက အလုပ်သမားများ ပိုးသတ် ဆေးများဖြင့် အဆိပ်သင့်ခြင်း၊ သမဂ္ဂဖွဲ့စည်းခြင်းကြောင့်အလုပ်ထုတ်ခံရခြင်းတို့ ရင်ဆိုင်နေကြရ သည်။ ကမ္ဘာ့ပင်လယ်ငါးရောင်းချမှုသည် အလွန်အကျွံငါးဖမ်းခြင်းအပေါ် မူတည်နေပြီး ပင်လယ် သမုဒ္ဒရာပျက်စီးစေသော နည်းစနစ်ဖြစ်ပါသည်။ ငါးဖမ်းလှေများအပေါ် လူကုန်ကူးမှုများ၊ အဓမ္မလုပ် အား ခိုင်းစေမှုများရှိစေသကဲ့သို့ ပင်လယ်စာထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်အကိုင် ဘေး ကင်းလုံခြုံမှုမရှိခြင်းနှင့် အာမခံချက်မရှိခြင်းများ တွေ့နေကြရပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာစနစ်သည် ကျေးလက်ဆင်းရဲသားများအပေါ် အားထားရသည့် စနစ်တခုဖြစ်ပြီး ကလေးငယ် ၉၈ သန်းခန့်ကို လယ်ယာစိုက်ခင်းထဲတွင် အလုပ်လုပ်နေစေပါသည်။ အနိမ့်ဆုံးနှုန်း ထား လုပ်အားခများဖြင့် ကလေးငယ်များသည် မိဘများနှင့်အတူတူ အလုပ်လုပ်ကာ အသက်မွေး ဝမ်းကျောင်းပြုရသည်။ အသက်ရှင်ဖို့အတွက်သာရရှိသော လုပ်အားခသာဖြစ်ပြီး ပိုလျှံသောလုပ် အားခ မရကြပါ။ ထိုစနစ်က အမျိုးသားကြီးစိုးမှုဖြင့်တည်ဆောက်ထားပြီး အားနည်းသူအမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဆော်ကားမှုနှင့် အကြမ်းဖက်မှုကို ယဉ်ကျေးမှုအရ ကျူးလွန် စေသည့် စနစ်ပမာဖြစ်စေသည်။ ကမ္ဘာကို အလုပ်အကျွေးပြုရန် စွမ်းအင် ဆယ်ဆ ပိုမိုသုံးစွဲသော လူ အများစုဖြစ်သည့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံသည့် စနစ်ဖြစ်ပါသည်။ ကပ်ဘေးမတိုင်ခင် က တည်းကထိုစနစ်မှာပြိုပျက်ခဲ့ပြီး ပြန်လည်ပြုပြင်စရာတော့မလိုပါ။ အစားထိုးရမည်သာ ဖြစ်ပါသည်။
မူဝါဒအကြံအဉာဏ်၊ အစိုးရလုပ်ငန်းအစီအစဉ်များနှင့် ကာကွယ်ဆေးထုတ်လုပ်မှု ကတိကဝတ်များ ကို ကြည့်ပါက ဒီကပ်ရောဂါသည် ကျွန်ုပ်တို့ကြောင့်သာ ဖြစ်စေခဲ့ကြောင်း ဧပြီ ၂၀၂၀ ထုတ် ကမ္ဘာ့ကု လသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) အစီရင်ခံစာတွင် ရှင်းပြခဲ့ပါသည်။ ကျွန်ုပ်တို့ စိုက် ပျိုးသည့်ပုံစံ၊ ကမ္ဘာကိုအလုပ်အကျွေးပြုသည့်ပုံစံ မပြောင်းလဲပါက နောက်ထပ် ကပ်ရောဂါဖြစ် ပေါ် စေလိမ့်မည်။
ကျွန်ုပ်တို့ စိုက် ပျိုးသည့်ပုံစံ၊ ကမ္ဘာကိုအလုပ်အကျွေးပြုသည့်ပုံစံ မပြောင်းလဲပါက နောက်ထပ် ကပ်ရောဂါဖြစ် ပေါ် စေလိမ့်မည်။
လူသားလုပ်ဆောင်ချက်များမှ COVID-19 ကို ဖြစ်စေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ဖြစ်ပေါ် ပျံ့နှံ့စေခဲ့ကြောင်း UNEP အစီရင်ခံစာက ရှင်းပြထားပါသည်။ ရောဂါဖြစ်စေသည့်အရာများတွင် ရာသီ ဉတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ စက်ကိရိယာသုံး လယ်ယာစိုက်ပျိုးမှု၊ သက်ရှိ ပရို တိန်းလိုအပ်မှုနှင့် စားနပ်ရိက္ခာထုတ်လုပ်ဖြန့်ဖြူးမှုများ ပါဝင်ပါသည်။ တနည်းအားဖြင့် ကမ္ဘာ့စားနပ် ရိက္ခာစနစ်ကလည်း ကပ်ရောဂါဖြစ်ပေါ်စေဖို့ အကူအညီပေးရာ ရောက်ပေသည်။ အဆိုးဆုံးအနေဖြင့် ပြောရရင် ထိုစနစ်က ရောဂါဖြစ်စေသည့် အရာတခုဖြစ်ပါသည်။
နောက်ထပ် ကပ်ရောဂါဖြစ်ပေါ်စေဖို့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို တားဆီးဖို့ ကမ္ဘာ့စား နပ်ရိက္ခာစနစ်ကို ပြန်လည်တည်ဆောက်ရမည်မဟုတ်ပဲ ကျွန်ုပ်တို့ လိုအပ်သော စားနပ်ရိက္ခာစနစ်ကို လူမှုပတ်ဝန်းကျင်နှင့်အညီ ဖန်တီးရမည် ဖြစ်ပါသည်။
အမျိုးသမီးများ ရင်ဆိုင်ကြရသော အကြမ်းဖက်ခံရမှု၊ အားငယ်မှုနှင့် ချန်လှပ်ခံရမှုတို့ကို အမြစ်ဖြုတ် နိုင်မည့် ရေရည်တည်တံ့ပြီး သာတူညီမျှမှုနှင့်ခံနိုင်ရည်ရှိမှု အလုံအလောက်ရှိသော စနစ်တခု လိုအပ် ပါသည်။
အစားအစာနှင့်အဟာရ ရရှိခွင့်ဖြင့် စတင်ကာ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် ပြီးပြည့်စုံသော အခွင့် အရေးပေါ် အခြေခံသည့် ရေရှည်စားနပ်ရိက္ခာစနစ်များ လိုအပ်ပါသည်။
ကျွန်ုပ်တို့နေထိုင်ရာ ပျက်စီးလွယ်သော သဘာဝဂေဟနှင့်ရာသီဉတု တို့နှင့်အတူ ရေရှည်ခံနိုင်သော စားနပ်ရိက္ခာစနစ်များ လိုအပ်ပါသည်။
ကျွန်ုပ်တို့နေထိုင်ရာ ပျက်စီးလွယ်သော သဘာဝဂေဟနှင့်ရာသီဉတု တို့နှင့်အတူ ရေရှည်ခံနိုင်သော စားနပ်ရိက္ခာစနစ်များ လိုအပ်ပါသည်။
လုပ်ငန်းခွင်တွင်
အလုပ်အကိုင်ကာကွယ်ခြင်း၊
ဘေးကင်းလုံခြုံမှုရှိစေခြင်း၊
ကျားမတန်းတူ ညီမျှမှုမြှင့်တင်ခြင်း၊
စုပေါင်းတောင်းဆိုမှုကို လေးစားခြင်း၊
မျှတသော လုပ်အားခပေးခြင်း တို့ဖြင့်
စားသောက်ကုန် အလုပ်သမားများ၏ အခွင့်အရေးအတွက် လေးစားမှုရရှိစေမည်။
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို တားဆီးနိုင်ဖို့ –
လယ်၊ ယာနှင့် စိုက်ခင်းများတွင်
ကလေးအလုပ်သမားများ
အဓမ္မလုပ်သားများ
အမျိုးသမီးအကြမ်းဖက်မှုများ
အန္တရာယ်ရှိသော ပိုးသတ်ဆေးသုံးစွဲမှုများ
သဘာဝပတ်ဝန်းကျင် ပျက်စီးနေစေမှုများကို အဆုံးသတ်ကြရမည်။
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို တားဆီးနိုင်ဖို့ –
လယ်၊ ယာနှင့် စိုက်ခင်းများတွင် အလုပ်လုပ်သော အလုပ်သမားများသည်
အစားအစာနှင့်အဟာရ ရရှိခွင့်
မြေနှင့်အိမ်ယာပိုင်ဆိုင်ခွင့်
မျှတသော လုပ်အားခရရှိခွင့်
သမဂ္ဂတွင် ပါဝင်လှုပ်ရှားခွင့် တို့ကို ရရှိစေရမည်။
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို တားဆီးနိုင်ဖို့ – ငါးဖမ်းအလုပ်သမားများသည်
သမဂ္ဂတွင် ပါဝင်လှုပ်ရှားခွင့်
လူမှုကာကွယ်စောင့်ရှောက်မှု ခံစားခွင့်
ဘေးကင်းလုံခြုံသောအလုပ် ရရှိခွင့်
လူမှုဘဝနှင့်အညီ လုပ်အားခရရှိခွင့်
ရေရှည်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့် တို့ကို ရရှိစေရမည်။
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းများကို တားဆီးနိုင်ဖို့
တပိုင်တနိုင် လယ်သမားများနှင့် လယ်လုပ်သားများသည်
လူမှုကာကွယ်စောင့်ရှောက်မှု
အသက်မွေးဝမ်းကျောင်းကာကွယ်စောင့်ရှောက်မှု
သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု
ရာသီဉတုဆိုင်ရာ လှုပ်ရှားမှု တို့ကို ရရှိဖို့ လိုသည်။
ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းများကို တားဆီးနိုင်ဖို့ အခွင့်အရေးကိုအခြေခံပြီး ကျွန်ုပ်တို့လိုအပ် သော ရေရှည်ခံသည့် ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကို တည်ဆောက်ဖို့ စုပေါင်းလုပ်ဆောင်ကြရပေမည်။ ။